သတင်းကောင်း
အင်တာနက်၊ ရုပ်မြင်သံကြား၊ ရေဒီယိုနှင့် မိုဘိုင်းဖုန်းများမှ ကမ္ဘာသတင်းများက ကျွန်ုပ်တို့အား တရစပ် ပူပင်စေသည်။ သတင်းအများစုက ရာဇဝတ်မှု၊ အကြမ်းဖက်မှု၊ စစ်ပွဲနှင့် စီးပွားရေး ပြဿနာစသည့် အမှားအယွင်းများကို အသားပေးဖော်ပြကြသည်။ သို့သော် ဝမ်းနည်းစရာနှင့်စိတ်ပျက်စရာ အမှောင်သတင်းများကို ထိုးဖောက်သည့် ကောင်းသတင်း များကို တစ်ခါတစ်ရံ တွေ့ရသည်။
ကျမ်းစာတွင် ဓမ္မဟောင်းကျမ်းမှ လူနှစ်ဦး၏ စကားက
ပဋိပက္ခများကြောင့် ပင်ပန်းနွမ်းနယ်နေသည့် လူများအတွက် ကြီးမားသည့် မျှော်လင့်ခြင်းကို သယ်ဆောင်လာသည်။
ရက်စက်၍ တန်ခိုးအင်အားကြီးသော တိုင်းပြည်အပေါ်သို့
ဘုရားသခင်၏စီရင်ခြင်း ကျရောက်မည့်အကြောင်းဖော်ပြ လျက် “ငြိမ်သက်ခြင်း၏ဝမ်းမြောက်စရာ သတင်းစကားကို
ကြားပြောသောသူ၏ခြေတို့ကို တောင်ပေါ်မှာကြည့်ကြ လော့” (နာဟုံ ၁း၁၅) ဟု နာဟုံက ပြောထားသည်။ ထိုသတင်းက ရက်စက်စွာ ဖိနှိပ်ချုပ်ချယ်ခံရသူများအတွက် မျှော်လင့်ခြင်းပေးသည်။ ဆင်တူယိုးမှား စကားကို ဟေရှာယအနာဂတ္တိကျမ်းတွင် တွေ့ရသည်။ “ငြိမ်သက်ခြင်း၏ ဝမ်းမြောက်စရာသတင်းကို…
တိုက်တွန်းခွန်အားပေးခြင်း ဆုကျေးဇူး
အဆိုတော် Merle Haggard ၏ ခေတ်ဟောင်းတေး တစ်ပုဒ်ဖြစ်သော ‘‘If we make it Through December’’ ထဲတွင် သမီးလေးအတွက် ခရစ်စမတ်လက်ဆောင်ဝယ်ပေးရန် ငွေမရှိ၊ စက်ရုံမှ အလုပ်ပြုတ်လာသော လူတစ်ယောက် အကြောင်း သီဆိုထားပါသည်။ ခရစ်စမတ်ချိန်ခါသမယသည် နှစ်တစ်နှစ်၏ပျော်ရွှင်ဖွယ်အချိန်ဖြစ်သော်လည်း သူ့ဘ၀ မှာမူ အမှောင်ကျပြီး ရက်စက်လေခြင်း။
စိတ်ဓာတ်ကျအားငယ်ခြင်းသည် ဒီဇင်ဘာလနှင့် လိုက်လျောညီထွေမှုမရှိသော်လည်း ကြီးကျယ်လာနိုင်သည်။ ကျွန်ုပ်တို့၏ မျှော်မှန်းချက်က မြင့်နေနိုင်ပြီး ၀မ်းနည်း ပူဆွေးမှု
သောကများလည်း နက်နဲနိုင်သည်။ ထို့ကြောင့် အနည်းငယ် သော အားပေးမှုသည် အလွန် အဓိပ္ပာယ်ရှိ သည်။
ကုပရုပြည်မှ လေ၀ိအမျိုးသား ယောသေသည် သခင်ယေရှု၏ ကနဦးတပည့်တော် နောက်လိုက်များထဲမှ တစ်ယောက် အပါအ၀င်ဖြစ်သည်။ တမန်တော်များက သူ့ကို
သက်သာခြင်း၏သားဟု အဓိပ္ပာယ်ရသော ဗာနဗ အမည်သစ်
ပေးခဲ့သည်။…
မိုင် ၄၀၀ အကွာမှ မြင်ကွင်း
အာကာသယာဉ်မှူး Charles Frank Bolden Jr. က ‘‘ကျွန်တော်အာကာသထဲ ပထမဦးဆုံးအကြိမ် ရောက်သွားချိန်မှာ ကမ္ဘာမြေကြီးကို ကြည့်တဲ့အမြင်တွေဟာ ချက်ခြင်းပြောင်းလဲသွားတယ်’’ ဟုပြောပါသည်။ ကမ္ဘာမြေကြီး၏အထက် မိုင် ၄၀၀ အပေါ်စီးမှ ကြည့်ရခြင်းသည် သူ့အတွက် အရာအားလုံးသည် ငြိမ်သက်ခြင်း အတိရှိပြီး လှပလွန်းသည်။ အရှေ့အလယ်ပိုင်းဒေသကို ဖြတ်သန်း သွားသောအခါ Bolden သည် ထိုဒေသ၌ ပဋိပက္ခများ အဆက်မပြတ် ဖြစ်ပွားနေကြောင်း တွေးမိပြီး လှုပ်နှိုးခံရ
သကဲ့သို့ အသိတရားဝင်လာကာ တုန်လှုပ်သွားခဲ့ရသည်။ ရုပ်ရှင်ထုတ်လုပ်သူ Jared Leto နှင့် အင်တာဗျူးလုပ်နေ စဉ်အတွင်း Bolden က ထိုခဏတာ အချိန်လေး အကြောင်း ပြောပြရင်း ကမ္ဘာကြီးက မည်သို့ဖြစ်သင့်သည်ကို သူသိမြင် နားလည်လာကြောင်း၊ ကမ္ဘာကြီးကို ပိုပြီးကောင်းမွန် လာအောင် သူတတ်နိုင်သမျှ အကောင်းဆုံး လုပ်ဆောင်ရန် စိန်ခေါ်မှုကြီးကို…
ငါ သူဌေးဖြစ်ပြီ
တံခါးလာခေါက်သဖြင့် သွားဖွင့်ပေးလိုက်ရာ ငွေပမာဏ အမြောက်အမြားပါရှိသည့် ချက် လက်မှတ်တစ်စောင်လာပေးခြင်းဖြစ်နေသည်။ တံခါးဖွင့်ပေးသူက အံ့အားသင့်သွား ပြီးနောက် မြူးတူးစွာအော်ဟစ်ရင်း၊ ကွေးအောင်ကရင်း၊ ခုန်ပေါက်ရင်း၊ တွေ့သမျှ လူကို ပွေ့ဖက်ရင်း ‘‘ငါထီပေါက်ပြီ၊ ငါသူဌေးဖြစ်ပြီ၊ မယုံနိုင်စရာပါလားနော်၊ ငါ့ပြဿနာ တွေ ပြေလည်ပြီ’’ ဟု အော်ပြောနေသည်။ ၎င်းသည် ရုပ်သံ ကြော်ငြာတစ်ခုဖြစ်သည်။ ကြွယ်ဝချမ်းသာခြင်းစည်းစိမ်က ခံစားချက်အမျိုးမျိုးကို ဖြစ်ပေါ်စေပါသည်။
ဆာလံကျမ်းမှ အရှည်ဆုံးဖြစ်သော ဆာလံ ၁၁၉ ၏
အပိုဒ်ငယ် ၁၄ တွင် မှတ်သားဖွယ် အချက်တစ်ချက်ကို တွေ့ရသည်။ ‘‘ခပ်သိမ်းသောစည်းစိမ်ဥစ္စာကို ရဘိသကဲ့သို့ သက်သေခံတော်မူရာလမ်း၌ ၀မ်းမြောက်ပါ၏’’ (း၁၄)။ အထက်ပါကြော်ငြာနှင့် ကွာခြားလိုက်ပါဘိ။ ဘ၀ရှင်သန်မှု အတွက် ဘုရားသခင်၏သွန်သင်လမ်းညွှန်မှုအတိုင်း နာခံ လိုက်လျှောက်ခြင်းသည် စည်းစိမ်ဥစ္စာများ ရရှိသကဲ့သို့ပင် အလွန်ဝမ်းမြောက်စရာ ဖြစ်သည်။ ဆာလံဆရာက ထာဝရဘုရား၏ပညတ်တော်အတွက် ကျေးဇူးတင်လျက် ၀မ်းမြောက်ကြောင်းကို…
မပို့ဖြစ်သောစာ
အီးမေးလ် စာတစ်စောင်ပို့လိုက်ပြီးကာမှ လူမှားပို့မိခြင်း၊ ပြင်းထန်သော မကောင်း မနှစ်မြို့ဖွယ် စကားလုံးများပါသွားခြင်းကို ချက်ခြင်းသတိပြုလိုက်ခြင်း စသည့်အဖြစ်မျိုး သင်ကြုံဖူးပါသလား။ ခလုတ်တချက်နှိပ်ပြီး စာဆက်မပို့အောင် လုပ်နိုင်လျှင်ကောင်းမည်။ ယခုတွင် ထိုသို့ပြုလုပ်နိုင်ပြီဖြစ်သည်။ ကုမ္ပဏီအတော်များများတွင် စာပို့လိုက်သော်လည်း ကွန်ပြူတာမှ အီးမေးလ်စာထွက်မသွားမီ ပြန်ဖျက်ပစ်လိုပါက ဖျက်ပစ်နိုင်အောင် အချိန်အနည်းငယ်စောင့်ပေးသည့် စနစ်ကို ကျင့်သုံးသည်။ ထိုအခါ အီးမေးလ်စာသည် မပြောခဲ့သည့် စကားတစ်ခွန်းပမာဖြစ်သွားသည်။ ''အဆင်ပြေ သွားတာပေါ့'' ဟု မှတ်ယူခြင်းထက် မိမိပြောသောစကားကို သတိထားစောင့်ထိန်းရန် အလွန့်အလွန်အရေးကြီးကြောင်း မပို့ဖြစ်သောစာက သတိပေးချက်ဖြစ်သင့်သည်။
ရှင်ပေတရုဩ၀ါဒစာ ပထမစောင်တွင် ‘‘သင်တို့သည် ... အချင်းချင်းရန်တုံ့မမူ၊ ပြန်၍ မကဲ့ရဲ့၊ မေတ္တာပို့ခြင်းကို ပြုကြလော့။ အသက်ကို မွေ့လျော်စေ၍ ကောင်းမွန်သောနေ့ရက်တို့ကို တွေ့မြင်ခြင်းငှာ အလိုရှိသောသူသည် မိမိလျှာကို မကောင်းသောအရာနှင့် ကင်းလွတ်စေ။ မိမိနှုတ်ခမ်း လည်း မုသားစကားကို မပြောစေနှင့်။ ဒုစရိုက်ကိုလွှဲရှောင်၍ သုစရိုက်ကိုပြုစေ။…
ဆယ့်နှစ်ယောက်မြောက်လူ
တက္ကဆက် ပြည်နယ် A&M တက္ကသိုလ်ဘောလုံးအားကစားကွင်းရှိ ဆိုင်းဘုတ်ကြီး၌ "ဆယ့်နှစ်ယောက်မြောက်လူအတွက်နေရာ" ဟုရေးထားသည်။ ကစားကွင်း၌ အသင်း တစ်သင်းစီကို ကစားသမား ၁၁ ဦးသာ ခွင့်ပြုပြီး၊ ဆယ့်နှစ်ယောက်မြောက်လူ ဆိုသည်မှာ ပွဲစဉ်တစ်လျှောက် မိမိအသင်းကို အားပေးအားတက်စေသော ထောင်ပေါင်းများစွာသော A&M ကျောင်းသားပရိသတ်များကို ရည်ညွှန်းသည်။ ၁၉၂၂ ခုနှစ်က ဒဏ်ရာရအားကစားသမား၏နေရာ၌ အစားထိုး ကစားရန်အတွက် နည်းပြက ရပ်ကြည့်စင်မှ ကျောင်းသား တစ်ဦးကို ခေါ်ကာ ၀တ်စုံလဲခိုင်းပြီး ဘေးစည်း၌ အသင့် ရပ်နေစေသည်။ ထိုမှစ၍ ဤအစဉ်အလာ ဖြစ်ပေါ်လာသည်။ ထိုသူသည် ကစားပွဲ၌ တစ်ခါမျှ ၀င်ရောက်မကစားခဲ့ရ သော်လည်း ဘေးစည်း၌ လိုလိုလားလားနှင့် ရှိနေပေးခြင်းက အသင်းအတွက် ကြီးမားသောအား ဖြစ်ခဲ့သည်။
ဟေဗြဲ ၁၁ ၌ ကြီးမားသော စစ်ကြောခြင်းများ ကြုံတွေ့ခဲ့ရသော်လည်း ဘုရားသခင်၌ သစ္စာတည်မြဲသော ယုံကြည်ခြင်း…
မေတ္တာဖြင့် ဦးဆောင်ခြင်း
ဝိညာဉ်ရေးရာခေါင်းဆောင်မှုစာအုပ်တွင် ဆရာကြီး J.Oswald Sanders သည်
လိမ္မာပါးနပ်မှု၊ ပေါင်းသင်းဆက်ဆံမှု အရည်အသွေးနှင့် ၎င်း၏အရေးပါမှုများကို လေ့လာ တင်ပြထားသည်။ ဆရာကြီးက ‘‘ယင်းစကားလုံး ၂ လုံးကို ပေါင်းစပ်လိုက်သောအခါ တစ်ခုနှင့်တစ်ခု ထိပ်တိုက်တွေ့စရာမရှိ၊ အပေးအယူညှိစရာမလိုဘဲ မတူညီသည့် အမြင် များကို ပြေလည်စေသည့် အရည်အသွေးများ၊ အကြံဉာဏ် များထွက်ပေါ်လာကြောင်း’’ ပြောခဲ့သည်။
ရောမမြို့တွင် ရှင်ပေါလု အကျဉ်းကျခဲ့စဉ်က သူသည် ဖိလေမုန်ပိုင်သော ကျွန်ပြေးသြနေသိမ်နှင့် ၀ိညာဉ်ရေးရာ လမ်းပြသူ၊ အရင်းနှီးဆုံးမိတ်ဆွေ ဖြစ်ခဲ့သည်။ ကောလောသဲ မြို့ရှိ အသင်းတော်ခေါင်းဆောင် ဖိလေမုန်ထံသို့ရေးသော ရှင်ပေါလု၏စာတွင် သြနေသိမ်ကို ခရစ်တော်၌ ညီအစ်ကိုတစ်ယောက်အဖြစ် လက်ခံရန် တောင်းပန်ကာ လိမ္မာပါးနပ်စွာနှင့် လူမှုဆက်ဆံရေးအကြောင်းကို သာဓက ပြထားသည်။ ‘‘ဤအကြောင်းကြောင့် ငါသည် ခရစ်တော်၌ညီအစ်ကိုချင်းအနေဖြင့် သင် ပြုသင့်သည့်အမှုအရာကိုပြုရန် အမိန့်ပေးနိုင်ခွင့်ရှိသည်ဟု ယုံကြည်သော်လည်း ငါသည် သင့်ကို…
ဆုတောင်းပေးသည့် လူနာ
ကျွန်တော်တို့၏မြို့မှ အဲလင်နန်နင်းဂါဆိုသူ လူတစ်ယောက်၏ နာရေးကြော်ငြာတွင် ‘‘အထင်ရှားဆုံးသော ခရစ်တော်အတွက် ဆက်ကပ်သောသက်သေခံသူ’’ဟု ဖော်ပြ ထားသည်။ သူ့မိသားစုဘ၀၊ အလုပ်အကိုင်များကို ဖော်ပြပြီး ဆယ်နှစ်နီးပါးမျှ ကျန်းမာရေး ကျဆင်းချို့ယွင်းခဲ့ကြောင်း ဖော်ပြသည်။ အဆုံးတွင် ‘‘ဆေးရုံတက်ရသည့်ကာလများ အဆုံးတွင် ‘ဆုတောင်းသည့်လူနာ’ ဟူသည့်ဘွဲ့ထူးရခဲ့ သည်’’ ဟု နိဂုံးချုပ်ထားသည်။ အဘယ်ကြောင့်ဆိုသော် သူသည် အခြားလူနာများအတွက် အမှုတော်ဆောင်ခဲ့သည်။ ဤသူသည် စိတ်ပျက်အားလျော့ ခံစားရချိန်တွင်ပင် သူ့အနီး ပတ်လည်ရှိ လူများအတွက်ဖြစ်စေ၊ လူနာများနှင့် အတူတကွ ဖြစ်စေ ဆုတောင်းပေးခဲ့သည်။
ယုဒရှကာရုတ်မှ သူ့ကို သစ္စာမဖောက်မီ သခင် ယေရှုသည် တပည့်တော်များအတွက် ဆုတောင်းခဲ့သည်။ ‘‘ယခုမှစ၍ အကျွန်ုပ်သည် ဤလောက၌ မရှိတော့ပါ။ သူတို့ မူကား ဤလောက၌ ရှိရစ်ရကြပါမည်။ အကျွန်ုပ်သည် ကိုယ်တော်ထံသို့ သွားရပါမည်။ သန့်ရှင်းတော်မူသောအဘ၊ ကိုယ်တော်နှင့်အကျွန်ုပ်သည် တစ်လုံးတစ်ဝတည်းဖြစ် သကဲ့သို့…
နှလုံးသားမှ
ကျယ်လောင်စွာ အော်ငိုခြင်း၊ မြည်တမ်းငိုကြွေးခြင်း၊ အ၀တ်များကို ဖြဲဆုတ်ခြင်း တို့သည် လူတို့၏ ပူဆွေးဝမ်းနည်းကြေကွဲမှု (သို့) နိုင်ငံနှင့်အ၀န်း ကပ်ဘေးခံစားရချိန်၌ ၀မ်းနည်းပူဆွေးမှုကို ဖော်ပြသော နည်းလမ်းဖြစ်သည်ဟု လူအသိုင်းအ၀ိုင်း ယဉ်ကျေးမှု အများစုက လက်ခံထားကြသည်။ ဓမ္မဟောင်းခေတ် ဣသရေလလူတို့သည်လည်း ဘုရားသခင်ကို ကျောခိုင်းသွားခြင်းကြောင့် နှလုံးသားမှ နက်နဲစွာ ကြေကွဲရကြောင်း၊ နောင်တရကြောင်း အလားတူ အပြင်ပန်း သရုပ်ပြခြင်းဖြင့် ဖော်ပြကြသည်။
နောင်တတရားအတွက် အပြင်ပန်းဖော်ပြမှုက နှလုံးသားမှ ထွက်ပေါ်လာပါမှ တန်ခိုးပါသောဖြစ်စဉ် ဖြစ်မည်။ သို့သော် စိတ်ရင်းမှန်နှင့် ဘုရားသခင်ထံပြန်လာခြင်း မဟုတ်ပါက ယုံကြည်သူအသိုင်းအ၀ိုင်း၌ပင်လျှင် စိတ် ခံစားချက်အတိုင်း လျှောက်လုပ်လိုက်ခြင်းပင် ဖြစ်သည်။
ယုဒပြည်၌ ကျိုင်းကောင်ကျပြီး ကပ်ဆိုက်ပြီးနောက် ရောက်လာတော့မည့် စီရင်ခြင်းကို ရှောင်ရှားနိုင်ရန် စစ်မှန်သောနောင်တနှင့် ပြန်လာ ရန် ဘုရားသခင်က သူ့လူမျိုးတော်ကို ပရောဖက် ယောလမှတစ်ဆင့် ဆင့်ခေါ်ခဲ့သည်။ `သို့ဖြစ်၍…
ကားတိုင်ကို စွဲကိုင်ခြင်း
၁၈၅၆ ခုနှစ်တွင် လန်ဒန်မြို့၏နာမည်ကြီးတရားဟောဆရာ ချားလ်စ် စပါဂျင် သည်
ခရစ်ယာန်သာသနာအတွက် အမျိုးသားများကို လေ့ကျင့်ပေးရန် Pastors’ ကောလိပ်ကို တည်ထောင်ခဲ့သည်။ ၁၉၂၃တွင် စပါဂျင် ကောလိပ် ဟူ၍ ပြောင်းလဲခေါ်ဆိုခဲ့သည်။ ယနေ့ ကောလိပ်၏တံဆိပ်မှာ ကားတိုင်ကို ဆုပ်ကိုင်ထားသောလက်နှင့် လက်တင် စကား
‘‘Et Teneo, Et Teneor -တို့ပါရှိပြီး အဓိပ္ပာယ်မှာ ကျွန်ုပ် ကိုင်စွဲသည်၊ ကျွန်ုပ်ကိုလည်း စွဲကိုင်သည်’ ဟူ၍ ဖြစ်သည်။
သူ့ရဲ့ကိုယ်ရေးအတ္တုပ္ပတ္တိတွင် ဆရာကြီး စပါဂျင် က ‘‘၎င်းသည် ကောလိပ်၏ဆောင်ပုဒ်ဖြစ်သည်။ ကျွန်ုပ် တို့သည် ရဲရင့်သောလက်နှင့် ကားတိုင်ကို စွဲကိုင်သည်။ အဘယ်ကြောင့်ဆိုသော် ထိုကားတိုင်တော်၏ တန်ခိုးတော် သည် ကျွန်ုပ်တို့အား ခိုင်မြဲစွာဆွဲကိုင်ထားခြင်းကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့၏ဆန္ဒမှာ အထူးသဖြင့် ခရစ်တော် ကားတိုင်ပေါ် အသေခံခဲ့သည့် သမ္မာတရားကို လူသားတိုင်း…